ဒီ website ကို Firefox နဲ့မှ အဆင်ပြေပါလိမ့်မယ်။ ဒီမှာ ဆွဲယူနိုင်ပါတယ်။





  • 20. BBC Radio News အသံဖိုင်တွေကို သိမ်းထားချင်ရင်...

  • 19. 20th anniversary of 8888

  • 18. ဖြေရှင်းခြင်း

  • 17. ပတ်သတ်ခွင့်ပြုပါ

  • 17. Kanaung Converter C++

  • 16. မေးခွန်းသုံးခု(၂)






  • BBC Radio News အသံဖိုင်တွေကို သိမ်းထားချင်ရင်...



    BBC Radio ဖိုင်တွေက .ram နဲ့ အင်တာနက်ကို ချိတ်ဆက်ထားတဲ့အတွက် ... သိမ်းထားလို့မရပါဘူး။ အင်တာနက်မရှိရင် ဖွင့်လို့မရသလို၊ အသံဖိုင်တခုကို ခုနှစ်ရက်ထက်ပိုပြီး သိမ်းထားလို့မရပါဘူး။ ခုနှစ်ရက်ကျော်ရင် တခြားရက်ကို ရောက်သွားပါတယ်။ ဥပမာ ဒီစနေ့က အသံဖိုင်ကို သိမ်းထားမယ်၊ အဲဒီ အသံဖိုင်က ခုနှစ်ရက်(နောက်တပတ် စနေနေ့) ကျော်သွားပြီ ဆိုရင် အရင်အပတ်က စနေနေ့ သိမ်းထားတဲ့အသံဖိုင်က မရှိတော့ဘဲ နောက်အပတ် စနေနေ့က အသံဖိုင်က အရင်စနေနေ့က အသံဖိုင်မှာ လာပွင့်ပါလိမ့်မယ်။ ရှုပ်သွားလား။ ဒီလိုလေ... ၁ ရက်နေ့က အသံဖိုင်ကို သိမ်းထားတယ် ဆိုပါတော့။ အဲဒီအသံဖိုင်က သိမ်းထားတာ ၇ ရက်ကျော်ပြီး ၈ ရက်နေ့ရောက်လို့ ပြန်ဖွင့်ကြည့်ရင် ၁ ရက်နေ့ အသံဖိုင်မပေါ်ဘဲ ၇ ရက်နေ့က အသံဖိုင်ပွင့်လာပါလိမ့်မယ်။ အဲဒီတော့ အဲဒီလိုမဖြစ်ရအောင် အင်တာနက်မရှိလည်း ဖွင့်လို့ရမယ်။ သိမ်းထားလို့လည်း ရအောင် ဘယ်လိုလုပ်မလဲဆိုတော့ ... ဒီလိုပါတဲ့ခင်ဗျာ...။ ခဏဗျာ... ပြောတာမောသွားလို့ ... ရေသောက်လိုက်ဦးမယ်။

    ...ဂလု ... ဂလု ... ဂလု ...

    အဲလိုလုပ်နိုင်ဖို့ ဆော့ဝဲလ်နှစ်ခုလိုပါတယ်။ အဲဒီနှစ်ခုလုံးကို အင်စတောလုပ်ရတာတွေက ... သိပ်မခက်ပါဘူး။ နောက်ပြီး Free ဗျ။ ဟဲဟဲ... သဘောကျတယ်မလား။

    ဒီလို ... ပထမတခုအနေနဲ့ Real One Player ကို အင်စတောလုပ်ရပါမယ်။ http://forms.real.com/netzip/intl/intl_getrde601.html?lang=en&h= software-dl.real.com&f=windows/installer/R41APD/RealPlayer11 GOLD.exe&p=RealPlayer&oem=rp11_en_ap&src=112206focus&ta gtype=applet&type =rp11_en_ap ဒီလိပ်စာကို address bar မှာ ရိုက်ထည့်ပြီး Start RealPlayer Download ကို နှိပ်ပြီး ဒါင်းလော့လုပ်ပါ။ RealPlayer11GOlD.exe ကို အင်စတောလုပ်ပြီးရင် BBC က အသံဖိုင်ကို ကိုယ့်ကွန်ပြူတာမှာ Save လုပ်လို့ရပြီ။ နားထောင်လို့ရပါပြီ။ ဒါပေမယ့် သူ့ကို သိမ်းထားလို့ မရသေးပါဘူး။ Save လုပ်ပြီး သိမ်းကြည့်လိုက်ပါ။ File Type က .ram နဲ့ Size က 4 KB လောက်ပဲရှိပါတယ်။ အင်တာနက်ကြိုးကိုဖြုတ်ပြီး အဲဒီအသံဖိုင်ကို ဖွင့်ကြည့်ပါ။ ဖွင့်လို့မရပါဘူး။ အင်တာနက်နဲ့ ချိတ်ဆက်ထားတာကိုး။ Real Player ရှိပြီးတဲ့သူတွေအတွက်တော့ ... ဒီတခုက မလိုပါဘူး။

    ကဲ... ဆက်လက်ချီတက်ရအောင်...

    ဒုတိယတခုက အဲဒီဖိုင်ကို .mp3 နဲ့ သိမ်းချင်တယ်ဆိုရင် Software တခု အင်စတောလုပ်ဖို့လိုပါလိမ့်မယ်။ အဲဒါကတော့ Switch Sound File Converter လို့ခေါ်ပါတယ်။ ဘယ်က ရမလဲဆိုတော့ ... http://nch.com.au/switch/ အဲဒီမှာ Download Switch Audio File Converter for Windows (Free Version) ကို နှိပ်ပြီး ဆွဲချလိုက်ပါ။ switchsetup.exe ဖိုင် ရပါလိမ့်မယ်။ အဲဒါကို အင်စတောလုပ်လိုက်ပါ။ အင်စတောလုပ်လိုက်ရင် Switch Sound File Converter Shortcut ကို Desktop မှာ တွေ့ပါလိမ့်မယ်။ အဲဒါကိုဖွင့်ပြီး BBC .ram ဖိုင်ကို အဲဒီမှာ add လုပ်။ ပြီးရင် Output Format မှာ .mp3 လုပ်၊ မိုးကြိုးပစ် Icon လေးနှိပ်ပြီး Convert လိုက်ရင်... အဆင်ပြေသွားပြီပေါ့ဗျာ။ အင်တာနက် ဖြုတ်ပြီး ဖွင့်ကြည့်ရင် ကြည့်။ ၇ ရက် မကလို့ တသက်လုံးသိမ်းထားချင်လည်း ဖြစ်ပါတယ်။

    Convert လုပ်တဲ့အခါမှာ စိတ်တော့ရှည်ရှည်ထားရလိမ့်မယ်။ မိနစ် ၂၀ ကျော်ကျော်လောက် စိတ်ရှည်ရှည်နဲ့ စောင့်မယ်ဆိုရင်တော့ မိတ်ဆွေလိုချင်တဲ့ .ram ဖိုင်ကို .mp3 နဲ့ သိမ်းထားလို့ ရပြီပေါ့ဗျာ။ တခါတခါ Convert လုပ်လို့မရဘူးဆိုပြီး အနီရောင်အမှားလက္ခဏာလေး ပြတတ်ပါတယ်။ ကိစ္စမရှိပါဘူး။ အဲဒီဖိုင်ကို Remove လုပ်ပြီး တခါပြန် add ၊ ပြန် Convert ကြည့်ပါ ရပါလိမ့်မယ်။

    ဒါပေမယ့် ... Switch Sound File Converter အကြောင်းကိုတော့ သိပ်တော့မသိသေးဘူး။ ကျနော်လည်း ... သုံးကြည့်တာ ၃ ... ၄ ရက်လောက်ပဲ ရှိသေးတော့... ဘာပြဿနာရှိလဲဆိုတာ သေချာမသိသေးဘူး။ သူ့ကို ညွှန်းထားတဲ့ ဆိုက် http://www.consumingexperience.com/2005/11/ free-audio-file-converter-nhc-switch.html ကိုတော့ သွားကြည့်ကြည့်လိုက်ပါဗျာ။ ပြဿနာရှိရင် ကျနော့်ကိုလည်း ပြောဦးနော်...။ သုံးကြည့်မိလို့ ပြဿနာတက်ရင် ... ကျနော်မဟုတ်ဘူးနော်... ဟဲဟဲ ... အားလုံးအဆင်ပြေပါစေဗျာ။


    Date: 24-9-08




    20th anniversary of 8888





    Date: 7-8-08




    ဖြေရှင်းခြင်း



    အတွေးတွေ ရှုပ်ထွေးသမို့
    ဖြေစရာ ကဗျာတပုဒ်
    ရေးမယ်ဟန်ပြင်
    စက္ကူဖြူကို...ငေး
    ဘောပင်ကိုင်တွေးတော့
    စိတ်ကူးက ကဗျာမဆန်
    ကာရံက ပေါ်မလာသေး
    စက္ကူဖြူ (မင်)မရှုပ်ထွေးအောင်
    မရေးဘဲထားလိုက်တယ်...
    ကဲ... ကဗျာမဆန်ဘူးလား...


    PKU

    Date: 7-8-08




    ပတ်သက်ခွင့်ပြုပါ



    "ပတ်သက်ခွင့်ပြုပါ" တဲ့ ခံစားနားဆင်လိုက်ပါဦးဗျာ... ဘာမှလာမေးနဲ့နော်... ပြောပြဘူး...



    Date: 7-8-08




    Kanaung Converter C++



    Kanaung Converter C++ တဲ့ တကယ်အသုံးဝင်တဲ့ အရာလေးပါပဲ။ မယုံဘူးလား... မယုံရင်တော့ သုံးကြည့်ပါဗျာ... လျှောက်မပြောပါဘူး... ထိုင်ရေးနေတာ... ဟဲဟဲ... ကျနော်က သိပ်မရေးတတ်ဘူးဗျ... ကျနော့် သူငယ်ချင်း ထားဝယ်သား ရေးထားတာလေးဖတ်ကြည့်ပါ... "Zawgyi-One, Winn_Burmese အပါအဝင် ဖောင့်မျိုးပေါင်း (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာမလိုတဲ့ Standlone ဖောင့်ပြောင်း ပရိုဂရမ်လေးဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက်သမားတွေ၊ ဝဘ်ဆိုက်လုပ်ငန်းနဲ့ ပုံနှိပ်လုပ်ငန်းတွေအတွက် အလွန်သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။..." အဲလိုဗျ... ကျနော်လည်း သူ့ဆီမှာတွေ့လို့ ဆွဲချထားတာ... ဒီနေရာ မှ ထပ်ဆင့်မျှဝေသည်တဲ့... ပြောနေတာ ရှည်..အဲ..ကြာပါတယ်... အခုပဲ သုံးကြည့်လိုက်ပါ...

    ဒီမှာ ယူနိုင်ပါတယ်...

    Date: 7-8-08




    မေးခွန်းသုံးခု(၂)



    ဘုရင်က နောက်လှည့်ကြည့်သည်။ တောအုပ်တွင်းမှ ပြေးလာနေသည့် မုတ်ဆိတ်နှင့် လူတစ်ယောက်။ ထိုလူသည် လက်နှစ်ဖက်ဖြင့် သူ့ဗိုက်ကို ဖိထားသည်။ လက်နှစ် ဖက်အောက်မှ သွေးများသည် ယိုစီးကျလျက်ရှိ၏။ ဘုရင့်အနီးသို့ရောက်သောအခါ ထိုလူသည် မြေကြီးပေါ်သို့ လဲကျကာ မေ့မြောသွားသည်။ ဘုရင်နှင့် ရသေ့ကြီးသည် ထိုလူ၏ အ၀တ်များကို ချွတ်ပေးကြသည်။ သူ၏ ဗိုက်တွင် ဒဏ်ရာကြီးတစ်ခု။

    ဘုရင်သည် ထိုလူ၏ ဗိုက်မှ ဒဏ်ရာကို သူတတ်စွမ်းသရွေ့ ဆေးကြောသုတ်သင်ပေး ပြီး သူ့လက်ကိုင်ပ၀ါနှင့် ရသေ့ကြီး၏ မျက်နှာသုတ်ပ၀ါကို အသုံးပြု၍ ပတ်တီးစည်း ပေးသည်။ သို့သော်လည်း သွေးထွက်က မရပ်။ ဘုရင်သည် ပတ်တီးတွင် သွေးများ စိုရွှဲလာသည့်အခါတိုင်း ပြန်ဖြည်ကာ ဒဏ်ရာကို ထပ်မံဆေးကြောပေးပြီး ပတ်တီးပြန် စည်းပေးသည်။ နောက်ဆုံး သွေးထွက်ရပ်သွားသည့်အခါ လူနာသည် သတိရလာပြီး ရေတောင်းသည်။ ဘုရင်သည် ရေတစ်ခွက်သွားခပ်ပြီး လူနာအား တိုက်သည်။

    နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားခြင်းဖြစ်၍ ညတာတိုသော နွေညတွင် တစ်ညလုံး တစ်ရေးမျှမနိုး၊ မနက်မိုးလင်း၍ အိပ်ရာမှ နိုးလာသည့်အခါ သူသည် သူ့ ကိုယ်သူ ဘယ်ရောက်နေမှန်းလည်း မသိ။ သူ့အား အိပ်ရာပေါ်မှ လှမ်းကြည့်နေသည့် မုတ် ဆိတ်နှင့် လူစိမ်းကိုလည်း ဘယ်သူဘယ်ဝါမှန်း မမှတ်မိ။

    ‘ကျွန်တော်မျိုးကို ခွင့်လွှတ်ပါ’ ဟု မုတ်ဆိတ်နှင့်လူက အလွန်အားနည်းသည့်လေသံ ဖြင့် ပြောသည်။

    ‘ငါ မင်းကို မသိဘူး၊ ခွင့်လွှတ်စရာ အကြောင်း ဘာရှိလို့လဲ’ ဟု ဘုရင်က ပြန်မေး သည်။

    ‘အရှင်က ကျွန်တော်မျိုးကို မသိပေမယ့် ကျွန်တော်မျိုးကတော့ အရှင့်ကို သိနေပါ တယ်၊ ကျွန်တော်မျိုးဟာ အရှင့်ကို ပြန်လက်စားချေဖို့ ကျိန်ဆိုထားတဲ့ အရှင့်ရဲ့ ရန်သူ ပါ။ ဘာကြောင့်လဲဆိုတော့ အရှင်ဟာ ကျွန်တော်မျိုးရဲ့ အစ်ကိုကို သတ်ပြီး သူ့ပစ္စည်း တွေကို သိမ်းယူခဲ့တဲ့လူမို့ပါ …

    ‘အရှင်တစ်ယောက်တည်း ရသေ့ကြီးဆီ သွားတာကို ကျွန်တော်မျိုး သိခဲ့ပါတယ်၊ ဒါကြောင့်မို့ အရှင် အပြန်လမ်းကနေပြီး သတ်မယ်ဆိုတဲ့ စိတ်ကူးနဲ့ ထွက်လာခဲ့တာပါ၊ ဒါပေမယ့် နေသာကုန်သွားတယ်၊ အရှင်ပြန်မလာပါဘူး၊ ဒါကြောင့် ကျွန်တော်မျိုး ပုန်း နေရာကနေပြီး အရှင့်ကိုလိုက်ရှာဖို့ ထွက်လာခဲ့တာပါ၊ ကျွန်တော်မျိုးဟာ အရှင့်ရဲ့ အစောင့်တွေနဲ့ တွေ့ခဲ့ပါတယ်၊ သူတို့က ကျွန်တော်မျိုးကို မြင်မြင်ချင်း မှတ်မိကြတော့ ကျွန်တော်မျိုးကို ၀ိုင်းပြီး တိုက်ခိုက်ကြပါတယ်၊ ဒါကြောင့် ကျွန်တော်မျိုး ဒဏ်ရာရပြီး ထွက်ပြေးလာခဲ့ပါတယ်၊ အရှင်ကသာဆီးပြီး ဒဏ်ရာကို ပတ်တီးစည်းမပေးရင် ကျွန်တော်မျိုးဟာ သွေးလွန်ပြီး သေဖို့ပဲရှိပါတော့တယ်၊ ကျွန်တော်မျိုးက အရှင့်ကို သတ်ချင်နေပေမယ့် အရှင်က ကျွန်တော်မျိုးရဲ့ အသက်ကို ကယ်ဆယ်ခဲ့ပါတယ် …

    ‘အခုတော့ အခြေအနေက တစ်မျိုးဖြစ်သွားပါပြီ အရှင်။ တကယ်လို့ ကျွန်တော်မျိုး လည်း အသက်ရှင်မယ်၊ အရှင်ကလည်း ဆန္ဒရှိမယ်ဆိုရင် ကျွန်တော်မျိုး အနေနဲ့ အရှင့်ရဲ့ သစ္စာအစောင့်သိဆုံး ကျေးကျွန်တစ်ယောက်အဖြစ် အမှုတော်ထမ်း လိုပါ တယ်၊ ကျွန်တော်မျိုးရဲ့ သားစဉ်မြေးဆက် သစ္စာရှိရှိ အမှုထမ်းသွားဖို့လည်း မှာထားခဲ့ ပါမယ်၊ ကျွန်တော်မျိုးကို ခွင့်လွှတ်တော်မူပါအရှင်’

    ဘုရင်သည် သူ့ရန်သူနှင့် အခုလို လွယ်လွယ်ကူကူ ပြေအေးသွားသည့် အတွက် များစွာ ၀မ်းသာသည်။ သူ့ရန်သူအား မိတ်ဆွေအဖြစ်ရလိုက်ခြင်းအတွက် များစွာ စိတ်ချမ်းသာသည်။ သူ့အနေဖြင့် သူ့ရန်သူအား ခွင့်လွှတ်ရုံမျှမက သူ့ကျေးကျွန်များ နှင့် သူ့သမားတော်ကြီးအား သူ့ထံစေလွှတ်၍ ဆေးကုသပေးမည်ဖြစ်ကြောင်းနှင့် သိမ်းယူထားသည့် ပစ္စည်းများကို ပြန်ပေးမည်ဖြစ်ကြောင်း ကတိပေးသည်။

    ဘုရင်သည် လူနာအား နှုတ်ဆက်ပြီး အပြင်သို့ ထွက်လာခဲ့ကာ ရသေ့ကြီးအား လိုက် လံ ရှာဖွေသည်။ သူ နန်းတော်သို့ မပြန်ခင် သူမေးထားသော မေးခွန်းများအတွက် အဖြေပေးရန် ထပ်မံမေတ္တာရပ်ခံလို၍ ဖြစ်၏။ ရသေ့ကြီးသည် မနေ့က တူးဆွထားခဲ့ သည့် မြေကွက်များအနီး၌ ဒူးထောက်၍ ထိုင်ကာ မျိုးစေ့ကြဲလျက်ရှိသည်။ ဘုရင် သည် ရသေ့အနီးသို့ ချဉ်းကပ်သွားသည်။ ‘နောက်ဆုံးအနေနဲ့ တပည့်တော်ရဲ့ မေးခွန်းတွေကို အဖြေပေးဖို့ တောင်းပန်ပါတယ်၊ အရှင်ရသေ့’ ဟု ပြောသည်။

    ‘သင့်မေးခွန်းတွေကို သင်ဖြေခဲ့ပြီးပြီ’ ဟု ရသေ့ကြီးက ဒူးထောက်ထိုင်နေရာမှ သူ့ရှေ့ ၌ ရပ်နေသော ဘုရင်အား မော့ကြည့်ပြီး ပြောသည်။

    ‘ဘယ်လိုဖြေပြီးတာလဲ၊ အရှင်ရသေ့ ဘာကိုဆိုလိုတာလဲ’ ဟု ဘုရင်က ပြန်မေးသည်။

    ‘သင် မမြင်ဘဲကိုး’ ဟု ရသေ့ကြီးက ပြန်ပြောသည်။ ‘တကယ်လို့ မနေ့က သင်ဟာ ကျွန်ုပ်ရဲ့ အားနည်းမှုအပေါ်မှာ သနားကရုဏာဖြစ်ပြီး မြေတွေကို မတူးဘဲနဲ့ ထွက်သွား မယ်ဆိုရင် ဟိုလူက သင့်ကို တိုက်ခိုက်တာ ခံရတဲ့အတွက် ကျွန်ုပ်နဲ့ မနေခဲ့မိတာ မှား လေခြင်းဆိုတဲ့ နောင်တရနေတော့မှာ သေချာတယ်၊ ဒါကြောင့်မို့ အရေးအကြီးဆုံး အချိန်ဟာ သင်မြေတူးနေတဲ့ အချိန်ပဲ၊ ကျွန်ုပ်ဟာ အရေးအကြီးဆုံးလူပဲ၊ ကျွန်ုပ်ကို ကူညီလုပ်ကိုင်ပေးနေတဲ့ အလုပ်ဟာ အရေးအကြီးဆုံး အလုပ်ဘဲ …

    ‘အဲဒီနောက် ကျွန်ုပ်တို့ဆီကို ဟိုလူပြေးလာတယ်၊ အရေးအကြီးဆုံးအချိန်ဟာ ဟိုလူ ရဲ့ ဒဏ်ရာကို သင်ကြည့်ရှုပြုစုပေးနေတဲ့အချိန်ပဲ၊ တကယ်လို့ သင်ကသာ သူ့ဒဏ်ရာ တွေကို ပတ်တီးစည်းမပေးခဲ့ရင် သူဟာ သင်နဲ့ ငြိမ်းငြိမ်းချမ်းချမ်း မဖြစ်ဘဲ သေသွား မှာ၊ ဒါကြောင့်မို့ သူဟာ အရေးအကြီးဆုံး လူပဲ၊ သူ့အတွက် သင်လုပ်ပေးခဲ့တဲ့ အလုပ် ဟာ အရေးအကြီးဆုံး အလုပ်ပဲ၊ အဲဒီတော့ သင်သတိရပါ၊ အရေးအကြီးဆုံး အချိန် ဟာ တစ်ချိန်ပဲရှိပါတယ် …

    ‘အခုအချိန်ဟာ အရေးအကြီးဆုံး အချိန်ပါပဲ၊ ဘာကြောင့်လဲဆိုတော့ ဒီအချိန်ဟာ ကျွန်ုပ်တို့လက်ထဲမှာ တန်ခိုးအာဏာရှိနေလို့ပါ၊ အလိုအပ်ဆုံး လူကတော့ သင်နဲ့ အတူတူရှိနေတဲ့ လူပါဘဲ၊ ဘာကြောင့်လဲဆိုတော့ သူ့အနေနဲ့ တခြားလူ တစ်ဦး တစ်ယောက်နဲ့ အမြဲတစေ ဆက်သွယ်မှု ရှိ၊ မရှိဆိုတာကို သူမှတစ်ပါး သိနိုင်တဲ့လူ တစ်ဦးတစ်ယောက်မှ မရှိနိုင်လို့ပါ။ အရေးအကြီးဆုံး အလုပ်က သူ့ကို ကောင်းအောင် လုပ်ပေးရမယ့် အလုပ်ပါပဲ၊ ဘာ့ကြောင့်လဲဆိုတော့ လူဟာ အဲဒီရည်မှန်းချက်ကို အကောင်အထည်ဖော်ပေးဖို့ လူ့ဘ၀ကို ရလာတာမဟုတ်လား’

    THREE QUESTIONS (၁၉၀၃) ကို ပြန်ဆိုသည်။

    မောင်ထွန်းသူ
    ၁၉.၆.၁၉၉၃

    ဒီဝတ္ထုတိုကို တော်လ်စတွိုင်း ၀တ္ထုတိုများ စာအုပ်မှ ကူးယူဖော်ပြပါသည်။

    ကျွန်တော်၏အမြင်… ….

    ကျွန်တော်တို့အတွက် အရေးအကြီးဆုံး အချိန်ဟာ အခုအချိန်ပါပဲ။ ကျွန်တော်တို့ အတွက် အရေးအကြီးဆုံးလူတွေကတော့ ကျွန်တော်တို့နဲ့ အတူရှိနေတဲ့ ပြည်သူ လူထုတွေပါပဲ။ ကျွန်တော်တို့အတွက် အရေးအကြီးဆုံး အလုပ်ကတော့ ကျွန်တော် တို့ရဲ့ ပြည်သူလူထုတွေကို ကောင်းအောင်လုပ်ပေးရမယ့် အလုပ်ပါပဲ…

    Date: 2-5-08


     

    About Me


     

    ကျနော်ကတော့ ကျနော်ပါပဲ။
    ကျနော်ဆိုမှတော့ ယောက်ျားလေးပေါ့။ ဒါပေမယ့် မိန်းကလေးတွေရှိတာပါပဲ။ ထားပါတော့....
    ဒီမှာ ကျနော် ဖတ်မိဖတ်ရာ လေးတွေ လျှောက်တင်ထားပါတယ်။


     

    Link


    ပြောလိုက်ကြစို့ ထွေရာလေးပါး




     

    သီချင်းစာသားများ







    အထူးကျေးဇူးတင်ပါကြောင်း


       ဒီ website ဖြစ်မြောက်ဖို့အတွက် ကျနော့်ကို weebly.com အကြောင်းပြောပြတဲ့ ကျနော့် သူငယ်ချင်း ညီညီ၊ ကိုစေတန်ဂေါ့ရဲ့ Blogger လက်စွဲစာအုပ်ကို တင်ပေးထားတဲ့  ကျနော့် သူငယ်ချင်း ထားဝယ်သား၊ ကျနော် အမြဲတမ်း ကြည့်ဖြစ်တဲ့ နည်းပညာများယူဖြစ်တဲ့ ဘလော့များမှ ကျနော့်ဆရာ(ဘလော့ဂါဆရာ)များဆိုရင်လည်း မမှားတဲ့ ကိုရန်အောင်၊ ကိုမောင်လှ၊ ကိုမင်းကျော် တို့ကို ကျေးဇူးအများကြီးတင်ပါကြောင်း ပြောကြားလိုပါတယ် ခင်ဗျား။