• 8. Hero

  • 7. ကျွန်ုပ်၏အဖြေမှန်

  • 6. When I start the window XP, the system32 folder auto open

  • 5. DTAC ဖုန်း အချင်းချင်း ပိုက်ဆံလွှဲပြောင်းခြင်း

  • 4. ဗိုလ်ချုပ်မရှိပေမယ့်

  • 3. You can't

  • 2. Registry Editing Has Been Disabled By Your Administrator

  • 1. အရေးတစ်ကြီး






    Hero


    ကျနော့်မိတ်ဆွေများ ဒီသီချင်းလေးနားထောင်ပြီး ပင်ပန်းတာတွေ ပြေပျောက်နိုင်ပါစေဗျာ။



    Date: 2-4-08




    ကျွန်ုပ်၏အဖြေမှန်



    အခုတလောဗျာ ကိစ္စလေးတခုရှိလို့ Post လေးတွေ မ Put ဖြစ်ဘူး။ ကိစ္စကတော့ … သြော် အခြေအနေလား… အခြေအနေကတော့ ဝေလေလေ ဖြစ်သွားတယ်ဗျာ။ ပြောရရင်တော့ ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်တင်ရမှာပါပဲ။ ဒီကဗျာထဲကလိုပေါ့ဗျာ။ ကျနော့်အတွက်များ ရေးပေးတာလား လို့ ထင်မိတယ်။ ကဗျာလေးကတော့ ……

    ကျွန်ုပ်၏အဖြေမှန်

    မသိတာတွေက
    သိတာတွေထက်
    ပိုများတယ်၊
    သိတာတွေက
    မသိတာတွေလောက်
    မခက်ဘူး၊
    သိခြင်းနှင့် မသိခြင်း
    တွေးတောရင်းနဲ့
    အဖြေရှာ၊
    သိလိုက်တာက
    မသိတာ။


    ဝေယံဦး(သဲကုန်း)


    နွယ်နီ မဂ္ဂဇင်း
    (အတွဲ ၁၇၊ အမှတ် ၁၂၊ ၂၀၀၇၊ ဒီဇင်ဘာလ) ထဲက ကူးယူဖော်ပြ လိုက်တာ ဖြစ်ပါတယ်။

    Date: 23-3-08




    When I start the window XP, the system32 folder auto open


    အခုတလောဗျာ ကျနော်တို့ဆီမှာ explorcr ဆိုတဲ့အကောင် အတော်သောင်းကျန်း နေတာပဲ။ ဒီကောင်လုပ်လို့ ကွန်ပြူတာဖွင့်လို့ Windows တက်လာရင် system32 folder က အလိုလိုပေါ်နေတယ်။ အဲဒီထက်ဆိုးရင် Happy Birthday ဆိုတဲ့ စာကြောင်းက မောက်စ်သွားရာနောက် လျှောက်လိုက်နေတယ် ဆိုပဲ။ Folder Option တို့၊ Task Manager တို့လည်း ပွင့်မလာတော့ဘူးတဲ့။ ကျနော်တို့ဆီမှာတော့ system32 folder ပဲ ပေါ်နေသေးတယ်။ အဲဒါကို ဘယ်လိုလုပ်ရမလဲ ဆိုပြီး Google မှာ Fine တယ်။ မတွေ့ဘူး။ မတွေ့တော့ လျှောက်လုပ်လိုက်တာ အနက်ရောင်နောက်ခံကြီးမှာ NTLDR missing ပေါ်လာပြီး Windows တက်မလာတော့ဘူး။ အဲဒီ Computer ကို ကျနော့်ဆရာဆီ ပို့လိုက်ရတယ်။ မိတ်ဆွေလည်း အဲဒီလိုမျိုး အခြေအနေဆိုရင် (NTLDR missing ပေါ်နေပြီး windows တက်မလာခဲ့ရင်) http://synchro305.iblogger.org/ မှာ ဖြေရှင်းနည်းလေးပေးထားတယ်။ စမ်းသပ်ကြည့်ပါ။

    ကျနော်အခုပြောမှာကတော့ Windows တက်ပြီး system32 folder ပဲ ပေါ်နေသေးတဲ့အခြေအနေမှာ အဲဒီကောင်ကို ဒီလိုသတ်နိုင်ပါတယ်။ Happy Birthday ပေါ်နေရင်လည်း ဒီလိုသတ်နိုင်တယ်လို့ပြောပါတယ်။

    Start, run, type cmd.
    In the cmd box, type cd\windows\system32 and enter.

    And then go to Task Manager and fine explorcr and end process it.
    If u can't open Task Manager, fine process explorer in internet and Download it.Run the process explorer. In process explorer, unclick explorcr.

    And then go back cmd box.
    Type attrib -s -r -h explorcr.exe and enter.
    Type del explorcr.exe and enter.
    Type attrib -s -r -h autorun.inf and enter.
    Type del autorun.inf and enter.
    And type exit.

    And then restart your computer.
    And then to Start, run.
    Type msconfig and enter.
    In startup, Unclick explorcr and apply and ok.
    And Scan Virus your computer with antivirus software (e.g NOD 32 autivirus, AVG antivirus)

    And then restart your computer.


    Date: 22-3-08




    DTAC ဖုန်း အချင်းချင်း ပိုက်ဆံလွှဲပြောင်းခြင်း



    DTAC ဖုန်း အချင်းချင်း ပိုက်ဆံလွှဲပြောင်းနည်းကတော့ ဒီလိုပါခင်ဗျာ။ သိပြီးသားဆိုရင် အထွေအထူးမဟုတ်ပါဘူး။ မသိသေးတဲ့ သူများအတွက် ဖြစ်ပါတယ်။

    *112*(လွှဲပြောင်းပေးပို့ချင်သော ဖုန်းနံပါတ်)*ပိုက်ဆံ#Call နှိပ်လိုက်ပါ။ ဥပမာ - (*112*0812345678*20#Call) နှိပ်လိုက်ရင် အဲဒီဖုန်းထဲကို ပိုက်ဆံ 20 ၀င်သွားပါပြီ။

    အဲဒီကုတ်တွေက ထိုင်းနိုင်ငံမှာ DTAC ဖုန်း အသုံးပြုသူများအတွက် ဖြစ်ပါတယ်။ နောက်ပြီး ပိုက်ဆံက 20 ကနေ 200 အတွင်းပဲ ပို့လို့ရပါတယ်။ ပို့ရင်လည်း ဖုန်းနံပါတ်တခုကို တနေ့မှာ 2 ခါပဲ ပို့လို့ရပါတယ်။ ကျနော် စမ်းကြည့်သလောက် ပေါ့လေ။ အသုံးဝင်လိမ့်မယ် ထင်ပါတယ်။

    12 Call အတွက်ကတော့ မသိပါ။ သိတဲ့သူများရှိရင် ပြန်လည်မျှဝေပါဦး။


    Date: 13-3-2008




    ဗိုလ်ချုပ်မရှိပေမယ့်



    ဗိုလ်ချုပ်မရှိပေမဲ့ ဗိုလ်ချုပ်ဟာ ကျွန်တော်တို့ ရင်ထဲမှာ ရှိနေဆဲ
    ဤနေရာမှ ရယူပါ
    **************


    အောင်ဆန်းဇာနည်


    ဖေဖော်ဝါရီ ဆယ့်သုံးမှာ
    ဗိုလ်ချုပ်မွေးနေ့ပါ။
    တစ်ထောင့်ကိုးရာ တစ်ဆယ့်ငါး
    ရှေ့နေ ဦးဖာသား။
    ဇာတိနတ်မောက် မကွေးခရိုင်
    သိကြများခုတိုင်။
    ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဘွား
    မိခင်ဒေါ်စုသား။
    တစ်ထောင့်ကိုးရာ လေးဆယ့်ခွန်
    ပြောင်းကြွ တမလွန်။

    မျက်ရည်သွန်လို့ ဘ၀င်ညှိုး
    ဇူလိုင် တစ်ဆယ့်ကိုး။
    ပြည်ထောင်စုရဲ့ ကျေးဇူးရှင်
    ဗိုလ်ချုပ် တို့ဖခင်။
    ကောင်းစေချင်တဲ့ မှာစကား
    ငါတို့ မမေ့အား။
    ပြည်ထောင်လွတ်ရေး ကြိုးပမ်းအောင်
    ပြည်ချစ် တို့ခေါင်းဆောင်။
    ဆိုရှင်လစ်ဘောင် လမ်းစဉ်များ
    ဗိုလ်ချုပ်ချမှတ်သွား။


    ဒီကဗျာကတော့ အားလုံးသိကြမှာပါ။ ကျွန်တော်တို့ ငယ်ငယ်တုန်းက တတိယတန်း ကျောင်းသုံးစာအုပ်မှာ သင်ခဲ့ရတဲ့ကဗျာပါ။ ဗိုလ်ချုပ်အကြောင်းကို ကဗျာလေးနဲ့ ထိထိမိမိလေး ဖွဲ့ထားတာပါ။ အားလုံး အလွတ်ရဦးမယ်လို့ ထင်ပါတယ်။

    နအဖကတော့ ဗိုလ်ချုပ်ရဲ့ အကြောင်းကို မှေးမှိန်အောင် လုပ်ဆောင်နေတာ အားလုံး အသိပါပဲ။ သူတို့ရဲ့ လမ်းပြမြေပုံ (၇)ချက်နဲ့ စစ်အာဏာရှင်စနစ်တည်မြဲအောင် လုပ်ဆောင်နေပါတယ်။ နောက်ဆိုရင် ဒီကဗျာလေးတောင် ကျောင်းသုံးစာအုပ်မှာ ပါပါတော့မလား မသိဘူး။

    ဗိုလ်ချုပ်ရဲ့ (၉၃)မြောက်မွေးနေ့မှာ ဗိုလ်ချုပ်ကို ဂုဏ်ပြုရင်း ဒီမိုကရေစီရှိတဲ့ ပြည်ထောင်စုနိုင်ငံတော်ကြီးဖြစ်ဖို့အတွက် စစ်အာဏာရှင်စနစ်ကို ချေမှုန်းနိုင်ဖို့ ၀ိုင်းဝန်းလုပ်ဆောင်ကြပါစို့။


    Date: 12-2-08




    You can't


    Love…
    You make me happy.
    You make me sad.
    You make me mad.
    You make me hurt.
    But…
    You can't make me one thing,
    that I don't adore you.

    PKU

    ဒါကတော့ အုန်းကျွန်းဗျ။ အုန်းကျွန်းဆိုမှတော့ ခပ်ညံ့ညံ့ပေါ့။ သူများတွေလို ရေးတတ်ချင်တယ်ဗျာ။

    Date: 10-2-08




    Registry Editing Has Been Disabled By Your Administrator


    သင့်ကွန်ပြူတာမှာ ဒီလို Registry Editing Has Been Disabled By Your Administrator ဆိုတဲ့ ပြဿနာလေးပေါ်နေရင် ဒီလိုဖြေရှင်းကြည့် လိုက်ပါ။ ကျနော်သိလို့ မဟုတ်ဘူးနော်။ ကျနော်လည်း အဲလိုပြဿနာပေါ်လို့ google မှာ တက် find လိုက်တာ ဒါလေးရလိုက်တယ်။ ကျနော်တော့ အဆင်ပြေသွားတာပဲ။ ဘာသာပြန်မနေတော့ပါဘူး။ ပြန်နေရင် လွဲသွားမှာစိုးလို့ (ဘာသာမပြန်တတ်တာလည်း ပါတာပေါ့ ဟီး….)၊ ကျနော်ကူးထားတဲ့အတိုင်း ပြန်တင်ပေးလိုက်တယ်။ အဆင်ပြေပါစေဗျာ..။

    Posted on July 2, 2007 by Sanix
    Today a friend of mine asked that his registry editor had been disabled accidently and now how should he enable it back again. Here are two ways to enable the registry editing in Windows.

    1- From Group Policy Editor
    Go to Run –> gpedit.mscIn the left hand menu, go to User Config –> Administrative Templated –> System.
    Now In the right hand pane, select “Prevent access to registry editing tools”. It will probably be not configured or enabled. If it’s enabled, disable it and if it’s not configured, first enable it, apply settings and then disable it. Most probably the settings have been applied instantly. If not, then run gpupdate in command prompt to apply the group policies.

    2- From the Run Menu
    I got this tweak while surfing the internet. Go to Start –> Run, copy and paste the follow in the Run box and press OK.

    REG add HKCU\Software\Microsoft\Windows\CurrentVersion\Policies\ System /v DisableRegistryTools /t REG_DWORD /d 0 /f

    The effects are usually instant. If not then you should see the results after restarting your computer.

    Date: 10-2-08




    အရေးတစ်ကြီး


    ကျန်းမာရေးကလည်း အရေးကြီးတယ်
    ပိုက်ဆံရှိဖို့ကလည်း အရေးကြီးတယ်
    အလုပ်မြဲဖို့ကလည်း အရေးကြီးတယ်
    အရာရာ အရေးတကြီး
    အရေးကြီးပြီဆို မိုးကမတိတ်တော့ဘူး
    အရေးကြီးပြီဆို လက်ထဲ တစ်ပြားမှမရှိတော့ဘူး
    လူကောင်းတွေနဲ့ အပေါင်းအသင်းမပျက်ဖို့လည်း
    အရေးကြီးတယ်
    လူဆိုးတွေနဲ့ အပေါင်းအသင်းမဖြစ်ဖို့လည်း
    အရေးကြီးတယ်
    ဖြစ်လာတဲ့ဘ၀ပေါ်မှာ အရာရာအရေးတကြီး
    “ဒီကားဟာ နောက်ဆုံးကားပဲ မြန်မြန်တက်ပါ ငါ့အစ်ကိုရေ”
    စပယ်ယာလေးက အရေးတကြီး
    ကလေးတစ်ယောက်ဟာ အရေးတကြီးအော်ငိုလို့
    အကြမ်းဖက်သမားဟာ အရေးတကြီးထုတ်လွှင့်လို့
    ကိုယ်တို့ကမ္ဘာမြေ။ ။


    အောင်ခိုင်မြတ်


    အခုတလော ဒီခေါင်းစဉ်လေးနဲ့ တိုက်ဆိုင်နေလို့ဗျာ။ နွယ်နီ မဂ္ဂဇင်း(အတွဲ ၁၇၊ အမှတ် ၁၂၊ ၂၀၀၇၊ ဒီဇင်ဘာလ) ထဲက ကူးယူဖော်ပြလိုက်တာ ဖြစ်ပါတယ်။

    Date: 9-2-08




  •  

    About ME


     

    ကျနော်ကတော့ ကျနော်ပါပဲ။ ကျနော်ဆိုမှတော့ ယောက်ျားလေးပေါ့။ ဒါပေမယ့် မိန်းကလေးတွေလည်း ရှိတာပါပဲ။ ထားပါတော့ ...
    ဒီမှာ ကျနော် ဖတ်မိဖတ်ရာ လေးတွေ လျှောက်တင်ထားပါတယ်။


     

    Link



    ပြောလိုက်ကြစို့ ထွေရာလေးပါး




     

    မြန်မာသီချင်းစာသားများ